၂၀၁၀ ဇွန်လ

သမီးက မေလတုန်းက ဘန်ကောက်ကိုသွားပြီး မေမေဆီသွားလည်တယ်လေ။ အဲဒါ ပြောချင်လို့။

Sunday, October 3, 2010

ဖေဖေမေမေဆီ ရေးလိုက်တဲ့စာ



ဦးဦးကြည်မိုးက ထိုင်းကို သွားမယ်ဆိုလို့ ဦးကြည်မိုးကနေ မေမေ့ဆီ သမီးစာပါးလိုက်တာလေ။ ထိုင်းကပြန်ရောက်ပြီး ရေဆင်းကနေ ဂျီတော့နဲ့ ဖုန်းပြောတုန်းကတော့ သမီး မေမေ့ကိုပြောသေးတယ်။ မေမေမှတ်မိလား။ သမီးတို့ ထိုင်းက ပြန်ဖို့ လေယာဉ်ပေါ်တက်ခါနီးကျတော့ မေမေတယောက်ထဲ ကျန်နေခဲ့ပြီလို့ တွေးမိပြီး သူများမသိအောင် သမီးတယောက်ထဲ တိတ်တိတ်လေး ကျိတ်ငိုခဲ့ရသေးတယ်လို့လေ။ သမီးငိုတာ မေမေသိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ အဲဒီတုန်းက သမီးကမပြောခဲ့တာလေ။ သမီးလဲ ထိုင်းကနေ မပြန်ချင်သေးဘူး။ သမီးမှာ ပတ်စပို့ရှိတာပဲ။ ထိုင်းမှာ အကြာကြီးနေလို့ရတယ် မဟုတ်လား။ မေမေက ကျောင်းဖွင့်နေပြီဆိုပြီး အတင်းပြန်ခိုင်းလို့ သမီးက ပြန်ခဲ့ရတာ။ သမီးက ထိုင်းမှာ ကျောင်းနေချင်တာ။ နောက်တခါလဲ ထိုင်းကို လာဦးမယ်နော် မေမေ။ မမရတနာကျောင်းဖွင့်လို့ မအားရင်လဲ သမီးတယောက်ထဲလာခဲမယ်လေ..နော် မေမေ။

2 comments:

  1. မီးမီးရေးတဲ့စာဖတ်ပြီးပြီနော်။ ကဲထိုင်းမှာကျောင်းနေချင်တယ်တဲ့။ အခုလောလောဆယ်တော့ တရုတ်လမ်းပေါက်နေတယ်ကြားတယ်။ တရုတ်သွားကျောင်းတက်ပါလားလို့။

    ReplyDelete
  2. ကိုရီးယားလည်းခေါ်လည်လိုက်ဦးလေ . . .

    ReplyDelete