ဒါက သမီးတို့ နေတဲ့အိမ်ပုံနဲ့ သမီးရေးထားတဲ့ကဗျာလေးလေ။ သမီးက ကျောင်းသွားတော့ အားလပ်ချိန်မှာ မကစားပဲနဲ့ ရေးခဲ့တာ။ အဲဒါကိုလဲ ဖေဖေမေမေတို့ ဖတ်ရအောင် ထည့်ပေးလိုက်ပါတယ်။
၂၀၁၀ ဇွန်လ
သမီးက မေလတုန်းက ဘန်ကောက်ကိုသွားပြီး မေမေဆီသွားလည်တယ်လေ။ အဲဒါ ပြောချင်လို့။
Sunday, October 3, 2010
သမီးရေးတဲ့ ကဗျာ
ဒါက သမီးတို့ နေတဲ့အိမ်ပုံနဲ့ သမီးရေးထားတဲ့ကဗျာလေးလေ။ သမီးက ကျောင်းသွားတော့ အားလပ်ချိန်မှာ မကစားပဲနဲ့ ရေးခဲ့တာ။ အဲဒါကိုလဲ ဖေဖေမေမေတို့ ဖတ်ရအောင် ထည့်ပေးလိုက်ပါတယ်။
ဖေဖေမေမေဆီ ရေးလိုက်တဲ့စာ
ဦးဦးကြည်မိုးက ထိုင်းကို သွားမယ်ဆိုလို့ ဦးကြည်မိုးကနေ မေမေ့ဆီ သမီးစာပါးလိုက်တာလေ။ ထိုင်းကပြန်ရောက်ပြီး ရေဆင်းကနေ ဂျီတော့နဲ့ ဖုန်းပြောတုန်းကတော့ သမီး မေမေ့ကိုပြောသေးတယ်။ မေမေမှတ်မိလား။ သမီးတို့ ထိုင်းက ပြန်ဖို့ လေယာဉ်ပေါ်တက်ခါနီးကျတော့ မေမေတယောက်ထဲ ကျန်နေခဲ့ပြီလို့ တွေးမိပြီး သူများမသိအောင် သမီးတယောက်ထဲ တိတ်တိတ်လေး ကျိတ်ငိုခဲ့ရသေးတယ်လို့လေ။ သမီးငိုတာ မေမေသိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ အဲဒီတုန်းက သမီးကမပြောခဲ့တာလေ။ သမီးလဲ ထိုင်းကနေ မပြန်ချင်သေးဘူး။ သမီးမှာ ပတ်စပို့ရှိတာပဲ။ ထိုင်းမှာ အကြာကြီးနေလို့ရတယ် မဟုတ်လား။ မေမေက ကျောင်းဖွင့်နေပြီဆိုပြီး အတင်းပြန်ခိုင်းလို့ သမီးက ပြန်ခဲ့ရတာ။ သမီးက ထိုင်းမှာ ကျောင်းနေချင်တာ။ နောက်တခါလဲ ထိုင်းကို လာဦးမယ်နော် မေမေ။ မမရတနာကျောင်းဖွင့်လို့ မအားရင်လဲ သမီးတယောက်ထဲလာခဲမယ်လေ..နော် မေမေ။
Sunday, June 13, 2010
မေမေ့ဆီ အလည်သွားတယ်
သမီးနာမည်က မအိမ်စည်ဖြိုးဖြစ်ပါတယ်ရှင်။
ပျဉ်းမနားမှာ ၂၀၀၄ ခုနှစ်က မွေးပါတယ်။
အသက် ၅ နှစ်ပြည့်တော့ သူငယ်တန်းမှာ စာသင်ပါတယ်။
အခု ဇွန်လမှာ ပထမတန်းကို တက်ပါပြီ။
မေလတုန်းက မေမေရှိရာ ဘန်ကောက်ကို အလည်သွားခဲ့ပါတယ်။
ကြီးကြီးဌေးရယ်၊ မမရတနာရယ်၊ သမီးရယ် (၃) ယောက်အတူ သွားပါတယ်။ ဘန်ကော်သုဝဏ္ဏ္ဏဘုမ္မိလေဆိပ်ရောက်တော့ ရောက်ရောက်ချင်း ဓါတ်ပုံရိုက်ကြပါတယ်။ သမီးက နံနက်အစောကြီး အိပ်ရာက ထလာရတာကြောင့် တအားအိပ်ချင်နေပါတယ်။ ဒါကြောင့် လေဆိပ်မှာ ဓါတ်ပုံတွေ အများကြီး မရိုက်ခဲ့ပါ။
ဘန်ကောက်မှာ သမီးတို့ တိရိစ္ဆာန်ရုံကိုလည်း သွားပါတယ်။ လင်းပိုင်တွေ၊ ရွှေခဲ ကြက်တူရွေးတွေ၊ ကျားတွေ၊ ခြင်္သေ့တွေ၊ မိကျောင်းတွေ အများကြီးတွေ့ပါတယ်။ မျောက်တွေလဲ ရှိပါတယ်။ မျောက်တွေက သမီးထက်တောင် အရပ်မြင့်ပါတယ်။ သူတို့က လူတွေလိုပဲ ဘောင်းဘီဝတ်ထားပါတယ်။သမီးက မျောက်တွေနဲ့ အတူတူ ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။
သမီး အရမ်းပျော်ပါတယ်။
Subscribe to:
Posts (Atom)